Archive for year: 2023
Daw Aung San Suu Kyi
in Uncategorized
“နိုင်ငံရေးဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ”
ဒီတိုင်းပြည် မတိုးတက်တာဟာ ညီညွတ်မှုမရှိလို့ဘဲ။ နိုင်ငံသူနိုင်ငံသားများဟာ ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရှေ့မထားလို့ မတိုးတက်ခဲ့ဘူးလို့ ကျမထင်ပါတယ်။
နောက်တစ်ခါထပ်ပြီးတော့ အာဏာရှင်စနစ် မဖြစ်စေချင်ဘူး။ ကျမတို့နိုင်ငံကို ဒီမိုကရေစီစနစ်အရ အားလုံးစိတ်ချမ်းသာရေးအတွက် ထူထောင်ချင်တယ်ဆိုလို့ရှိရင် နိုင်ငံသူနိုင်ငံသားဟာ ကိုယ့်မှာရှိတဲ့နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ လိုပါတယ်။
နိုင်ငံရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ၊ တည်မြဲခိုင်ခံ့ဖို့ဆိုတာ အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်။
(၁၉၈၉ ခုနှစ်၊ ဧပြီလ၊ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြောကြားခဲ့သော မိန့်ခွန်းမှ)
ဒေါ်အောင်ဆန်းစုကြည်
Hlaing Info







