“ပညာလည်းရှာ၊ ဗဟုသုတလည်းဖြာ၊ ကုသိုလ်လည်းယူ”

BhāsāWord AI မိတ်ဆက်

မင်္ဂလာပါဗျာ… 🙏

ကျွန်တော်တို့ ယခင်က မြန်မာလူမျိုးတွေအတွက် ကျန်းမာရေးအဖော်မွန် ဆေးဆရာ (SaySayar) AI နဲ့ ADHD/Autism ကလေးမိဘတွေအတွက် အောင်မေတ္တာ AI ဆိုပြီး ပရဟိတ Project နှစ်ခုကို အခမဲ့ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ အသုံးပြုသူ အရမ်းများလာတဲ့အတွက် API ကုန်ကျစရိတ်တွေကို ရေရှည်ပံ့ပိုးပေးနိုင်ဖို့ အခု BhāsāWord AI ကို ထပ်မံဖန်တီးလိုက်ရတာ ဖြစ်ပါတယ်ခင်ဗျာ။ 💡


🤔 BhāsāWord AI ဆိုတာ ဘာလဲ?

ဒါဟာ ဘာသာစကားတစ်ခုကို တစ်နေ့ ဝေါဟာရ ၃၀ နှုန်း နဲ့ ရက်ပေါင်း ၈၀ အတွင်း စကားလုံးပေါင်း ၂,၄၀၀ ကို Native Speaker အသံထွက်တွေနဲ့အတူ အလွယ်ကူဆုံး လေ့လာနိုင်မယ့် App တစ်ခုပါ။ 📱🎧

🚀 ဘာကြောင့် BhāsāWord AI ကို သုံးသင့်တာလဲ?

  • 🌟 Survival Language: နေ့စဉ်သုံး ဝေါဟာရ ၂၀ နဲ့ ကြိယာ ၁၀ ခုကို စနစ်တကျ သင်ပေးတာမို့ ၈၀ ရက်အတွင်း ဘာသာစကားအသစ်တစ်ခုကို အခြေခံပိုင်နိုင်စေမှာပါ။

  • 🌍 ဘာသာစကား ၁၇ မျိုး: အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ တရုတ် (မန်ဒရင်း)၊ တရုတ် (ကွမ်တုံ)၊ မလေး၊ အာရဘီ၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ အစရှိတဲ့ ဘာသာစကားတွေကို မြန်မာလို တိုက်ရိုက် လေ့လာနိုင်ပါတယ်။

  • 💼 လက်တွေ့အသုံးဝင်မှု: ဈေးဝယ်ခြင်း၊ အလုပ်အကိုင်နဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်တွေမှာ တကယ်သုံးရမယ့် စာကြောင်းတွေကိုပဲ ထိထိရောက်ရောက် သင်ကြားပေးမှာပါ။


🌈 ထူးခြားချက် – Culture Check အစီအစဉ်

ဝေါဟာရများကို မပင်မပန်း လေ့လာနိုင်ရုံတင်မကဘဲ မိမိလေ့လာနေတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းများ ကိုပါ သိရှိနိုင်ဖို့ “Culture Check” ကဏ္ဍကို ထည့်သွင်းပေးထားပါတယ်။

လေ့လာနေသည့်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နေထိုင်မှုပုံစံ၊ ပွဲတော်၊ အစားအစာများကို စိတ်ဝင်စားဖွယ် နှိုင်းယှဉ်ချက်များဖြင့် (နေ့စဉ်မထပ်ရအောင်) တင်ဆက်ပေးသွားမှာ ဖြစ်လို့ ကမ္ဘာ့ဗဟုသုတပါ တစ်ပါတည်း တိုးပွားလာစေမှာပါ။ 🌏✨


❤️ သင်ယူမှုကနေတစ်ဆင့် ပြန်လည်မျှဝေခြင်း (Social Impact)

BhāsāWord AI ကရရှိလာမယ့် အကျိုးအမြတ်အားလုံး (၁၀၀%) ကို ဆေးရာ AI နဲ့ အောင်မေတ္တာ AI တို့ ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ပဲ ပြန်လည်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းသည် Premium Member တစ်ယောက် ဖြစ်လိုက်တာနဲ့ –

  1. မိမိကိုယ်တိုင် ပညာနှင့် ဗဟုသုတ တိုးပွားမယ်။ ✅

  2. ကျန်းမာရေးအတွက် ဆေးခန်းပြရန် ခက်ခဲနေတဲ့ မြန်မာလူမျိုး အနည်းဆုံး နောက်ထပ် ၁ ဦးကို အခမဲ့ အသုံးပြုနိုင်အောင် တိုက်ရိုက်ကူညီရာ ရောက်ပါတယ်။ ✅


💎 Premium Member ဖြစ်ရန် –

  • 💰 လစဉ်ကြေး: လူအများ တတ်နိုင်မယ့် မြန်မာငွေ ၅,၀၀၀ ကျပ် သာ ဖြစ်ပါတယ်။

  • 🎁 အထူးအခွင့်အရေး: ငွေကြေးခက်ခဲပြီး ဘာသာစကား တကယ်လေ့လာချင်သူများ Admin ထံ ဆက်သွယ်၍ Premium အကောင့် အခမဲ့ တောင်းယူနိုင်ပါတယ်။

  • 🤝 မျှဝေကူညီခြင်း: “ပြည်သူမှ ပြည်သူသို့” အစီအစဉ်အနေနဲ့ အကောင့်များကို ဝယ်ယူပြီး မိတ်ဆွေတွေကို လက်ဆောင်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါတယ်။


ကိုယ်တိုင်လည်း တိုးတက်၊ သူတစ်ပါးကိုလည်း ကူညီနိုင်မယ့် ဒီခရီးမှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျာ။ 👋

🔗 စမ်းသပ်အသုံးပြုကြည့်ရန်: [ကလစ်နှိပ်ပြီး စမ်းသုံးကြည့်ပါ။ ]
(မှတ်ချက် – Browser သို့မဟုတ် Chrome ဖြင့် အသုံးပြုမှသာ အသံထွက်များ ကြားရပါမည်။)

🔗 Register လုပ်ရန်: [ကလစ်နှိပ်ပြီး စာရင်းသွင်းပါ။ ] (စာရင်းသွင်းပြီးပါက ကျွန်တော်တို့ဘက်က Username နဲ့ Password များကို ပြန်လည်ပေးပို့ပေးပါ့မယ်။)

မိတ်ဆွေတို့ရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ကူညီပံ့ပိုးမှုတွေအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏✨

လေးစားစွာဖြင့်၊
BhāsāWord AI Team