About Sagaing Federal School

စစ်ကိုင်းဖက်ဒရယ်ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တရားဝင် အသိအမှတ်ပြုလက်မှတ် ရရှိထားသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ စစ်ကိုင်းဖက်ဒရယ်ကျောင်းသည် KG မှစ၍ G12 အထိ အခမဲ့ ပညာရေးစနစ်ဖြင့် ဖွင့်လှစ်သင်ကြားကာ စစ်အာဏာရှင်ကို တွန်းလှန်နေသော ကျောင်းတစ်ကျောင်းလဲ ဖြစ်ပါတယ်ခင်ဗျာ။

စစ်ကိုင်းဖက်ဒရယ် ကျောင်းတော်ကြီးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် CDM ဆရာ/မများ၊ ကျောင်းသား/သူများနှင့်အတူ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ ပါသည်။စစ်ကိုင်းဖက်ဒရယ် ကျောင်းတော်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆရာ/မများ ကျောင်းသား/သူများသာမက မြန်မာနိုင်ငံ အနှံ့အပြားနှင့် ပြည်ပရောက် ဆရာ/မများနှင့်အတူ ကျောင်းသား/သူများကို ပညာသင်ကြားပေးလျက် ရှိပါသည်။

Sagaing Federal School သည် လက်ရှိတွင် – ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် (အပတ်စဉ် ၃) ကိုဖွင့်လှစ်သင်ကြားနေပြီး အပတ်စဉ် ၃ ခုအတွင်း ဆရာ/မပေါင်း – 250+ နှင့် ကျောင်းသားပေါင်း 4500 + ကို ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်။

Sagaing Federal School is an officially recognized school by the Ministry of Education , National Unity Government Of Myanmar. Sagaing Federal School provides free education from KG + G12 and is also a school that is resisting the military dictatorship.

Sagaing Federal School was first opened on June 9, 2022, with CDM teachers and students.Sagaing Federal School not only educates students and teachers from within Sagaing Region, but also from all over Myanmar and abroad.

Sagaing Federal School is currently conducting the 2024-2025 academic year (Batch 3). Over the three batches, the school has been able to provide education to over 250 teachers and over 4,500 students.