ခက်ခဲကြမ်းတမ်းတဲ့ ဒီကာလမှာ ကျန်းမာရေးက အရေးကြီးဆုံးပါ! ❤️
🆘 ဆရာဝန်နဲ့ တိုင်ပင်ဖို့ အခက်အခဲဖြစ်နေလား?
💊 ဝယ်လာတဲ့ဆေးက ဘာဆေးမှန်းမသိ၊ ဘယ်လိုသောက်ရမှန်းမသေချာလို့ ရင်တထိတ်ထိတ် ဖြစ်နေလား?
✅ ဒါဆိုရင်တော့ SayarKyan (ဆရာကျန်း) AI ကို အားကိုးလိုက်ပါ!
🌟 SayarKyan (ဆရာကျန်း) က သင့်ကို ဘယ်လိုကူညီမလဲ?
📸 ဆေးအညွှန်းများကို ဘာသာပြန်ပေးခြင်း: ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် အစရှိတဲ့ ဆေးအညွှန်းတွေကို ဓာတ်ပုံရိုက်ပို့လိုက်ရုံနဲ့ မြန်မာလို အသေးစိတ် ပြန်ဆိုပေးပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့ ဆေးဝါးအလွဲသုံးစွဲမှုတွေကိုလည်း ပြတ်ပြတ်သားသား သတိပေးမှာပါ! 🚫💊
🎙️ အသံဖြင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း: ဆရာကျန်းကို တကယ့်မိသားစုဆရာဝန်တစ်ယောက်နဲ့ စကားပြောနေသလိုမျိုး အသံသွင်းပြီး အပြန်အလှန် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
💡 မှတ်ချက်: အသံသွင်းပြီး ‘Stop’ နှိပ်လိုက်ပါက အင်တာနက်လိုင်းပေါ်မူတည်၍ အဖြေပြန်ပေးရန် စက္ကန့်ပိုင်းမျှ စောင့်ဆိုင်းရနိုင်ပါတယ်။ ⏳
🇲🇲 မြန်မာစကားကို ကျွမ်းကျင်ခြင်း: တခြား AI တွေထက် မြန်မာစကားကို ပိုမိုနားလည်အောင် ပြုလုပ်ထားလို့ မိမိရဲ့ ကျန်းမာရေးအခက်အခဲတွေကို စိတ်ချလက်ချ တိုင်ပင်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ဆေးဝါးဗဟုသုတကိုပဲ အထူးပြုဖြေကြားပေးဖို့ စနစ်တကျ လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။ 🎓
⚠️ အသုံးပြုသူများ သိထားရန် (Beta Version)
ဆရာကျန်းဟာ လက်ရှိမှာ စမ်းသပ်ကာလသာ ရှိပါသေးလို့ အောက်ပါအချက်လေးတွေကို နားလည်ပေးစေချင်ပါတယ် –
⚙️ နည်းပညာ အကန့်အသတ်: တစ်မိနစ်ကို မေးခွန်း (၁၅) ခုသာ လက်ခံနိုင်ပါသေးတယ်။ အမှန်တကယ် လိုအပ်နေသူတွေ အခွင့်အရေးရအောင် တကယ်လိုအပ်မှသာ အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ 🙏
✊ ကျွန်တော်တို့ရဲ့ ခံယူချက်: ကျွန်တော်တို့ရဲ့ စေတနာဟာ ပြည်သူ့အတွက်သာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ် နှင့် အကြမ်းဖက်ပါတီ ထောက်ခံသူများအနေနဲ့ ဆရာကျန်း AI ကို လုံးဝ (လုံးဝ) အသုံးမပြုကြဖို့ ပြတ်သားစွာ တားမြစ်ပါတယ်။ ❌
💬 ဆရာကျန်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ပိုမိုကောင်းမွန်လာအောင် အပြုသဘောနဲ့ ဝေဖန်ထောက်ပြပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ 😊