‘“နိုင်ငံရေးဆိုတာ အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ”

ဒီတိုင်းပြည် မတိုးတက်တာဟာ ညီညွတ်မှုမရှိလို့ဘဲ။ နိုင်ငံသူနိုင်ငံသားများဟာ ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ရှေ့မထားလို့ မတိုးတက်ခဲ့ဘူးလို့ ကျမထင်ပါတယ်။

နောက်တစ်ခါထပ်ပြီးတော့ အာဏာရှင်စနစ် မဖြစ်စေချင်ဘူး။ ကျမတို့နိုင်ငံကို ဒီမိုကရေစီစနစ်အရ အားလုံးစိတ် ချမ်းသာရေးအတွက် ထူထောင်ချင်တယ်ဆိုလို့ရှိရင် နိုင်ငံသူနိုင်ငံသားဟာ ကိုယ့်မှာရှိတဲ့နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ လိုပါတယ်။
နိုင်ငံရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်တဲ့က်ိစ္စပါ။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ၊ တည်မြဲခိုင်ခံ့ဖို့ဆိုတာ အားလုံးဝိုင်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်။

(၁၉၈၉ ခုနှစ်၊ ဧပြီလ၊ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြောကြားခဲ့သော မိန့်ခွန်းမှ)

▪️ဒေါ်အောင်ဆန်းစုကြည်

နေ့စဉ် 11:11 AM အချိန်တိုင်း
အမေစု၏ ဆိုဆုံးမစကားများကို
https://t.me/infohlaing အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

▪️Hlaing Info